top of page

ရှာကြံမကုန်ပေါင် ပညာဘဏ်

  • Writer: Ye Myo Zaw
    Ye Myo Zaw
  • Apr 15, 2020
  • 1 min read

Updated: Apr 19, 2020

ဖေ့စ်ဘွတ်မြဲပွတ်

အသလွတ်

ချိန်စွတ်ဖြန်းမိမှာ။


မျက်စိကြောင်တက်

နှုတ်မမြွက်

ပျက်၏ စိတ်အစဉ်။


ဖုန်းဘေလ်များသာ

ကုန်သွားတာ

ကျိုးကား မည်မျှဖြစ်သနည်း။


ကျောင်းနေတုန်းမှာ

ကြိုးစားပါ

ကာလံဒေသံ ချိန်ရမည်။


ပညာထိခိုက်

ကိစ္စလိုက်

လူမိုက်လုံးလုံး ဖြစ်ချင်ဦး။


တန်ဆေး လွန်ဘေးသာ

ဖြစ်ကြမှာ

ဘယ်ရာ မဆိုပါ။


အွန်လိုင်း သုံး၍ မှန်

ပညာဘဏ်

ရှာကြံ မကုန်ပေါင် ... ခေတ်ကြေးမြင်မယ်မောင်။


“ သံပေါက်(၇)မျိုးကို (၇)ပေါက်ဖြင့်သီကုံးသည်။"


မောင်သာ.K

ပုံနှိပ်မူရင်း - တက္ကသိုလ်မွတ်စ်လင်မ်ကျောင်းသားများကွန်ရက်-မြန်မာ

၂၀၁၅-၂၀၁၆ ခုနှစ် နှစ်လည်မဂ္ဂဇင်း "ခေတ်ကြေးမြင်"

Comments


bottom of page